ပန်းပွင့်လေးကို ပန်းအိုးထဲမှာ သတ်လိုက်ပြီး
ရွှေငါးလေးကို ရေကန်ထဲမှာ သတ်လိုက်သူ
လူသားဟာ
ဧည့်ခန်းထဲမှာ သူ့ကိုယ်သူ
ယဉ်ကျေးသူ
အလှတရားမြတ်နိုးသူအဖြစ် သတ်လိုက်ပြီ။
ငါ့ကဗျာတွေ
စာမျက်နှာပေါ်မှာ
ပါဖို့ ကြိုးစားခဲ့သလို။ ။ သုခမိန်လှိုင်


